အသက်အရွယ်ရလာတာနှင့်အမျှ သတိထားသင့်တဲ့ရောဂါ ဦးနှောက်ကျုံ့ခြင်းဝေဒနာ

Jan 14, 2020

အသက်ရွယ်ရလာတာနဲ့အမျှ များစွာသော ရောဂါလက္ခဏာတွေလိုပဲ ဦးနှောက်ကျုံ့တယ်ဆိုတာဟာ ဖြစ်ရိုးဖြစ်စဉ် တစ်ခုပဲ ဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်အတွင်းက ဆဲလ်တွေ တဖြည်းဖြည်းပျက်စီးလာပြီး မှတ်ဉာဏ်တွေ ယုတ်လျော့လာပါတယ်။ ဦးနှောက်ကျုံ့တယ် ဆိုတာ ဦးနှောက် ဆဲလ်တွေ ဆုံးရှုံးတာကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဦးနှောက် ကျုံ့တာဟာ ဦးနှောက်တစ်ခုလုံး ကျုံ့သွားတာ ဖြစ်နိုင်သလို ဦးဏှောက်ရဲ့ တစ်စိတ်တစ်ဒေသပဲ ကျုံ့ သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ကျန်းမာအောင်နေနေ နှစ်စဉ် သင့်ဦးနှောက်ရဲ့ ထက်ဝက် ပမဏာလောက်ကို ဆုံးရှုံးနေရမှာ ဖြစ်ပါတယ်။ ပုံမှန်အသက်အရွယ်ကြီးမြင့်လာခြင်းက ပျမ်းမျှအားဖြင့် ၁၀ နှစ်ကြာလောက်မှာဆိုရင် ဦးနှောက်ရဲ့ ၁၉ % ရာခိုင်နှုန်းလောက် ကျုံ့သေးသွားတယ်လို့ ဆိုကြပါတယ်။ ဒီဖြစ်စဉ်က အရွယ်စတင်ရောက်လာတဲ့ အချိန် နဲ့ အသက် ၆၀ အရွယ်တွေမှာ ပိုပြီး သိသာထင်ရှားပါတယ်။

သက်လတ်ပိုင်းအရွယ်မှာ သွေးတိုးခြင်းဟာ ဦးနှောက်ကို သေးကွေးလာစေနိုင်ပြီး ဦးနှောက်နှင့် ပတ်သက်တဲ့ ရောဂါများဖြစ်နိုင်ခြေ ပိုမိုများကြောင်း သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အသက် ၃၀ ၊ ၄၀ နောက်ပိုင်း အရွယ်များမှာ သွေးတိုးတတ်သူတွေဟာ ဦးနှောက်နှင့် ပတ်သတ်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ချေ အမြင့်ဆုံးဖြစ်ကြောင်းလို့လည်း သိပ္ပံပညာရှင်များက ပြောခဲ့ပါတယ်။ အသက် ၆၉ ကနေ ၇၁ အတွင်းရှိတဲ့ လူ ၅၀၂ ယောက်ကို လေ့လာမှုပြုလုပ်ခဲ့ရာမှာ သွေးတိုးရှိသူ သက်လတ်ပိုင်းများဟာ ဦးနှောက် ကျန်းမာရေးဆိုင်ရာပြဿနာဖြစ်နိုင်ခြေများပြီး ဦးနှောက်အရွယ်အစား သေးလာတာကိုလည်းတွေ့ရှိခဲ့ကြပါတယ်။ သုတေသန စစ်တမ်းတွေအရ အသက် ၃၆ နှင့် ၄၃ အတွင်းသွေးတိုးရှိသူများဟာ ဦးနှောက်ထုထည် ပိုမိုသေးကွေးလေ့ရှိကြပြီး ဒါဟာလည်း ဘဝနေထိုင်မှုပုံစံ .. ဥပမာအားဖြင့် ဆေးလိပ်သောက်ခြင်း နှင့် ဆက်စပ်လျက်ရှိကြောင်းတွေ့ရပါတယ်။

အသက်အရွယ် နဲ့ ကျန်းမာတာခြင်း တူနေတာတောင်မှ အိပ်ချိန်မှန်တဲ့လူထက် အိပ်ချိန်မမှန်တဲ့လူက ပိုပြီး ဦးနှောက်အရွယ်အစား ပိုပြီးသေးနေပါလိမ့်မယ်။ အိပ်ချိန်မမှန်ခြင်းကြောင့် ဦးနှောက်ကျုံ့သေးတာအပြင် ဦးနှောက်စွမ်းဆောင်ရည်ကိုပါ ထိခိုက်ကျဆင်းစေပါတယ်။ ဒါအပြင် ဗီတာမင်ဘီ 12 ချို့တဲ့ခြင်းကလည်း ဦးနှောက်ကျုံ့ခြင်းရဲ့ အဓိက အကြောင်းအရင်း တစ်ခုလည်းဖြစ်ပါတယ်။


#Zawgyi

အသက္အ႐ြယ္ရလာတာႏွင့္အမွ် သတိထားသင့္တဲ့ေရာဂါ ဦးေႏွာက္က်ဳံ႕ျခင္းေဝဒနာ

အသက္႐ြယ္ရလာတာနဲ႔အမွ် မ်ားစြာေသာ ေရာဂါလကၡဏာေတြလိုပဲ ဦးေႏွာက္က်ဳံ႕တယ္ဆိုတာဟာ ျဖစ္႐ိုးျဖစ္စဥ္ တစ္ခုပဲ ျဖစ္ပါတယ္။ အသက္ႀကီးလာတာနဲ႔အမွ် ဦးေႏွာက္အတြင္းက ဆဲလ္ေတြ တျဖည္းျဖည္းပ်က္စီးလာၿပီး မွတ္ဉာဏ္ေတြ ယုတ္ေလ်ာ့လာပါတယ္။ ဦးေႏွာက္က်ဳံ႕တယ္ ဆိုတာ ဦးေႏွာက္ ဆဲလ္ေတြ ဆုံးရႈံးတာေၾကာင့္ ျဖစ္ေပၚလာတာ ျဖစ္ပါတယ္။ ဦးေႏွာက္ က်ဳံ႕တာဟာ ဦးေႏွာက္တစ္ခုလုံး က်ဳံ႕သြားတာ ျဖစ္ႏိုင္သလို ဦးေဏွာက္ရဲ႕ တစ္စိတ္တစ္ေဒသပဲ က်ဳံ႕ သြားတာလည္း ျဖစ္ႏိုင္ပါတယ္။ ဘယ္လိုပဲ က်န္းမာေအာင္ေနေန ႏွစ္စဥ္ သင့္ဦးေႏွာက္ရဲ႕ ထက္ဝက္ ပမဏာေလာက္ကို ဆုံးရႈံးေနရမွာ ျဖစ္ပါတယ္။ ပုံမွန္အသက္အ႐ြယ္ႀကီးျမင့္လာျခင္းက ပ်မ္းမွ်အားျဖင့္ ၁၀ ႏွစ္ၾကာေလာက္မွာဆိုရင္ ဦးေႏွာက္ရဲ႕ ၁၉ % ရာခိုင္ႏႈန္းေလာက္ က်ဳံ႕ေသးသြားတယ္လို႔ ဆိုၾကပါတယ္။ ဒီျဖစ္စဥ္က အ႐ြယ္စတင္ေရာက္လာတဲ့ အခ်ိန္ နဲ႔ အသက္ ၆၀ အ႐ြယ္ေတြမွာ ပိုၿပီး သိသာထင္ရွားပါတယ္။

သက္လတ္ပိုင္းအ႐ြယ္မွာ ေသြးတိုးျခင္းဟာ ဦးေႏွာက္ကို ေသးေကြးလာေစႏိုင္ၿပီး ဦးေႏွာက္ႏွင့္ ပတ္သက္တဲ့ ေရာဂါမ်ားျဖစ္ႏိုင္ေျခ ပိုမိုမ်ားေၾကာင္း သိပၸံပညာရွင္မ်ားက ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ အသက္ ၃၀ ၊ ၄၀ ေနာက္ပိုင္း အ႐ြယ္မ်ားမွာ ေသြးတိုးတတ္သူေတြဟာ ဦးေႏွာက္ႏွင့္ ပတ္သတ္တဲ့ ေရာဂါေတြ ျဖစ္ပြားႏိုင္ေခ် အျမင့္ဆုံးျဖစ္ေၾကာင္းလို႔လည္း သိပၸံပညာရွင္မ်ားက ေျပာခဲ့ပါတယ္။ အသက္ ၆၉ ကေန ၇၁ အတြင္းရွိတဲ့ လူ ၅၀၂ ေယာက္ကို ေလ့လာမႈျပဳလုပ္ခဲ့ရာမွာ ေသြးတိုးရွိသူ သက္လတ္ပိုင္းမ်ားဟာ ဦးေႏွာက္ က်န္းမာေရးဆိုင္ရာျပႆနာျဖစ္ႏိုင္ေျခမ်ားၿပီး ဦးေႏွာက္အ႐ြယ္အစား ေသးလာတာကိုလည္းေတြ႕ရွိခဲ့ၾကပါတယ္။ သုေတသန စစ္တမ္းေတြအရ အသက္ ၃၆ ႏွင့္ ၄၃ အတြင္းေသြးတိုးရွိသူမ်ားဟာ ဦးေႏွာက္ထုထည္ ပိုမိုေသးေကြးေလ့ရွိၾကၿပီး ဒါဟာလည္း ဘဝေနထိုင္မႈပုံစံ .. ဥပမာအားျဖင့္ ေဆးလိပ္ေသာက္ျခင္း ႏွင့္ ဆက္စပ္လ်က္ရွိေၾကာင္းေတြ႕ရပါတယ္။

အသက္အ႐ြယ္ နဲ႔ က်န္းမာတာျခင္း တူေနတာေတာင္မွ အိပ္ခ်ိန္မွန္တဲ့လူထက္ အိပ္ခ်ိန္မမွန္တဲ့လူက ပိုၿပီး ဦးေႏွာက္အ႐ြယ္အစား ပိုၿပီးေသးေနပါလိမ့္မယ္။ အိပ္ခ်ိန္မမွန္ျခင္းေၾကာင့္ ဦးေႏွာက္က်ဳံ႕ေသးတာအျပင္ ဦးေႏွာက္စြမ္းေဆာင္ရည္ကိုပါ ထိခိုက္က်ဆင္းေစပါတယ္။ ဒါအျပင္ ဗီတာမင္ဘီ 12 ခ်ိဳ႕တဲ့ျခင္းကလည္း ဦးေႏွာက္က်ဳံ႕ျခင္းရဲ႕ အဓိက အေၾကာင္းအရင္း တစ္ခုလည္းျဖစ္ပါတယ္။