( ကျန်းမာရေး အမြင်ဖြင့် ဖတ်ရှုပါရန် )
အိမ်ထောင်ပြုပြီးနောက် မျိုးပွားခြင်း(သားသမီး ယူခြင်း)ဟာ ဇနီးမောင်နှံတွေအတွက် မထူးဆန်းတဲ့ ဖြစ်စဉ်ပါ။ ဒါပေမဲ့ အိမ်ထောင်သက် တစ်နှစ်ကျော် ကြာလာတာတောင် သားသမီး ပွားစီးမလာနိုင်တာကြောင့် နားလည်ကျွမ်းကျင်သူ ဆရာဝန်တွေနဲ့ ဆေးစစ်ကြည့်တော့မှ ဥပမာ အိမ်ထောင်သည်ငါးစုံမှာ တစ်စုံက ယောကျာ်းဖြစ်သူရဲ့ ကျားသဘာဝ မစွမ်းဆောင်နိုင် (မြုံ)နေတာကို ကြုံတွေ့ကြရပါတယ်။
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ North Middlesex ဆေးရုံက ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ စုံတွဲပေါင်း ၇၃ တွဲကို လေ့လာတွေ့ရှိချက်အရ တစ်နာရီအတွင်း နှစ်ကြိမ်တိုင် ချစ်တင်းနှောခြင်းက ကိုယ်ဝန်ရနိုင်ခြေ သုံးဆများစေကြောင်း၊ အမျိုးသမီးများ ဓမ္မတာကာလတွင် အမျိုးသားများအနေဖြင့် ချစ်တင်းနှောခြင်းကို ရှောင်သင့်ကြောင်း၊ ဓမ္မတာ မလာမီ နှစ်ရက်ခန့်ကတည်းက လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ထားမှသာ မျိုးအောင်နိုင်ခြေများသည့် သုက်ပိုးများကို ထုတ်လွှတ်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါလေ့လာမှုအရ တစ်နာရီအတွင်း နှစ်ကြိမ်ထုတ်ယူထားသော သုက်ပိုးတွေမှာ ဒုတိယအကြိမ်မြောက် သုက်ပိုးများက ပိုမိုလတ်ဆတ်ပြီး အရည်အသွေးကောင်းမွန်ကာ မျိုးအောင်နိုင်ခြေများသော သုက်ပိုးများဖြစ်ကြောင်း ဆေးသုတေသီများက တင်ပြထားပါတယ်။
အမျိုးသားမျိုးပွားအင်္ဂါအဖွဲ့အစည်းကို testes(ခေါ်)သုက်/ဟိုမုန်းတွေကို ထုတ်ပေးတဲ့ ဥတစ်စုံ၊ ထို ဥတစ်စုံပေါ်က ducts (ခေါ်)ဖိုအင်္ဂါသုက်ပြွန် တစ်ခုနဲ့အတူ အဲဒီသုက်ပြွန်ရဲ့အတွင်းပိုင်းတလျှောက် ဂလင်းတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ အရွယ်ရောက်ပြီးသူ အမျိုးသားတစ်ဦးရဲ့ testes ဥအရွယ်ဟာ ခန္ဓာကိုယ်ကြီးထွားမှုပေါ်မူတည်ပြီး ၁၅ မီလီလီတာမှ ၃၅ မီလီလီတာအထိ ရှိတတ်ပါတယ်။ မျိုးပွားအင်္ဂါအရွယ်အစားလူစဉ်မီနေပြီး ဖို-မ ဆက်ဆံရာမှာလည်း တစ်စုံတစ်ရာ ပြဿ နာမဖြစ်၊ သုက်သွေးလွှတ်နိုင်ပါလျက်နဲ့ အမျိုးသားတွေ မြုံရခြင်းအကြောင်းကတော့…
(၁) သုက်ရည်ထွက်ရှိမှုပမာဏ နည်း(ခန်း)ခြင်း၊
(၂) သုက်ရည်ထွက်ရှိမှု မနည်းသော်ငြား သုက်ကောင်ရည်ပမာဏ နည်းပါးခြင်း၊
(၃) သုက်ကောင်ရည်ပမာဏ မနည်းသော်ငြား အရေအသွေး ပြည့်ကျမ္မာတဲ့ သုက်ကောင်မဟုတ်ခြင်း၊
(၄) သုက်ရည်ပြွန်ပိတ်ဆို့နေခြင်း၊
(၅) လိင်ဆက်ဆံစဉ် အနေအထား ပုံစံမှားယွင်းနေခြင်း၊
(၆) ဖိုအင်္ဂါတွင်းရှိ ဂလင်းပြဿ နာများ၊
(၇) ခန္ဓာကိုယ်တွင်းအပူဓာတ်များလွန်းခြင်း၊
(၈) အမျိုးသားအင်္ဂါပိုးဝင်ခြင်း၊
(၉) မျိုးရိုးဗီဇပြဿ နာ၊
(၁ဝ) မွေးရာပါ testes ရောဂါ၊
(၁၁) ကပ္ပါယ်အိတ်ပုံသဏ္ဍာန်မမှန်(လိမ်ကွေးနေခြင်း)၊
(၁၂) ရောဂါတစ်ခုခုကြောင့် သောက်သုံးနေရတဲ့ ပိဋိဇီဝဆေးဝါးရဲ့ ဘေးထွက်ဆိုးကျိုး၊
(၁၃) ရောဂါတစ်ခုခုကြောင့် ဓာတ်ရောင်ခြည်ဖြင့် ကုသခံထားရသူ ၊
(၁၄) ဖို-မ ဆက်ဆံသည့် အကြိမ်ရေနည်းလွန်းခြင်း၊
(၁၅) ဆီးကြိတ်ရောဂါရှိသူ(သို့မဟုတ်) ဆီးကြိတ်ခွဲစိပ်ခံထားရသူ၊
(၁၆) ကျောရိုးဝေဒနာရှိသူ၊
(၁၇) အာရုံကြောအားနည်းခြင်း၊
(၁၈) အိပ်ချိန်မမှန်ခြင်း(နေ့ဘက် အိပ်ပြီး ညဘက် အလုပ် လုပ်ရသူများ)၊
(၁၉) စိတ်ဖိစီးမှုများခြင်း၊
(၂ဝ) နေ့စဉ်ညဆက်ဆိုသလို ဖို-မ ဆက်ဆံမှုအကြိမ်ရေများလွန်းတာကြောင့် သုက်ရည်လိုက်မှုအားနည်းလာခြင်း၊
(၂၁) မကြာခဏ သူ့အလိုလို သုက်ယိုစိမ့်ခြင်း၊
(၂၂) သုက်လွှတ်မြန်ခြင်း၊
(၂၃) သားကြောဖြတ်ပြီး ပြန်ဆက်ထားသူများ စသည်တို့ကြောင့် ဖြစ်ပါတယ်။
အထက်ပါ ပြဿ နာအချို့ကို သက်ဆိုင်ရာ ဆရာဝန်ရဲ့ လမ်းညွှန်ချက်အတိုင်း ပုံမှန်ဆေးစား/ဆေးထိုး/ခွဲစိတ်/လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ကျား သဘာဝစွမ်းဆောင်လာနိုင်ပြီး သားသမီးထွန်းကားလာနိုင်တာကြောင့် စိတ် ဓာတ်မကျပါနဲ့။ ဆရာဝန်ရဲ့ ဆေးကုသမှုကို ခံယူရင်း အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းကုထုံး(ဓာတ်စာ)လေးများဖြင့် ကြိုးစားကြည့်စေလိုပါတယ်။
သုက်ကို ပွားစေသော ဓာတ်စာများ ……
(၁) ကန်စွန်းရွက်၊
(၂) ကြက်သွန်ဖြူ၊
(၃) ခိုသား၊
(၄)ငါးကျည်း(ငါးကျီး)၊
(၅) နံ့သာပုဌက်ပျောသီး(မှည့်မှည့်)၊
(၆) စာကလေး၊
(၇) ပိန္နဲသီးအမှည့်၊
(၈) ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီး၊
(၉) ပဒတ်သား၊
(၁ဝ) ဗူးသီး၊
(၁၁) ဖရဲသီး၊
(၁၂) ရစ်ငှက်သား၊
(၁၃) ဝမ်းဘဲသား၊
(၁၄) သမင်သား၊
(၁၅) ထောပတ်သီး၊
(၁၆) ကြက်သွန်နီ၊
(၁၇) ကြာစေ့၊
(၁၈) ရုံးပတီသီး၊
(၁၉) အုန်းသီး၊
(၂ဝ) ထန်းမြစ်(ထန်းပင်မြစ်)၊
(၂၁) လက်ပံပွင့် စသည်တို့ ဖြစ်ပါတယ်။
ပန်းသေး၊ ပန်းညှိုးခြင်းအတွက် ဆေးမြီးတိုများ ……
(၁) ဒန့်သလွန်မြစ်နဲ့ ပရံနဝါတို့ကို အမှုန့်ပြု၍ အုန်းနို့၊ ပျားရည်တို့ ဖြင့်ရောချက်ပြီး နံနက်-ည တစ်ဇွန်းစီသောက်ပါ။ (ကာမခွန်အား တိုးပွား စေပါတယ်)။
(၂) သုက်အားနည်းသူများ ခွေးလှေးယားစေ့၊ ဆူးလေစေ့၊ သကြားတို့ကို ဆတူရော အမှုန့်ဖြစ်အောင် ထောင်းပြီး နေ့စဉ် ၆-ပဲ သားခန့်စားပြီး နောက် နွားနို့ပူပူသောက်ပါ။
(၃) ခွေးလှေးယားသီးနု(အစိမ်း)ကို အရိပ်ထဲမှာ ခြောက်အောင် လှန်းပြီး နွားနို့ ၂၅-ကျပ်သားနဲ့ ရောကျို၍ နေ့စဉ် တစ်ဇွန်းကျ မှီဝဲသောက်သုံးပါ။ (သုက်ရည်ယိုခြင်းနဲ့ ကာမကြော အားပြော့သူများကို ကောင်းကျိုးပြုပါတယ်)။
(၄) ညဉ့်အိပ်မက်၍ သုက်လွှတ်ရောဂါရှိသူများ၊ သုက်မြန်သူများ၊ သုက်ဓာတ်အားနည်းသူများအဖို့ ခွေးလှေးယားစေ့ တစ်ကျပ်သား၊ မိကျောင်းကွမ်းဖတ် တစ်ကျပ်သား၊ သကြား နှစ်ကျပ်သား ရောကာ အမှုန့်ပြု၍ နေ့စဉ် ခြောက်ပဲသားခန့်ကို နွားနို့ပူပူဖြင့် သောက်ပါ။
(၅) ခွေးလှေးယားပင်မြစ် နှစ်ပဲသားခန့်ကို ဖြတ်ယူ၍ ရေစင်စင် ဆေးပြီး ဖို-မ ဆက်ဆံနေစဉ် ထိုအပင်မြစ်ကို ပါးစပ်ထဲ ထည့်ငုံထားခြင်းဖြင့် သုက်လွှတ်ခြင်းကို ကြာကြာ ထိန်းထားနိုင်ပါတယ်။
(၆) ဂျုံမှုန့်ကို ခွေးလှေးယားစေ့နဲ့ ရောချက်၍ အေးအောင် ထားပြီးနောက် ထောပတ်ရောသောက်ပါ။ ပြီးရင် နွားနို့ပူပူ သောက်ပေးခြင်းဖြင့် ကာမ အားတိုးစေပါတယ်။
(၇) မြင်းခွာရွက် လေးကျပ်သား၊ ငရုပ်ကောင်း တစ်ကျပ်သားကို အမှုန့်ပြု၍ ပျားရည်ဖြင့် နံနက်/ည ခြောက်လတိတိ စားပေးခြင်းဖြင့် ခွန်အားဗလကြီး၍ လူပျိုအရွယ်ကဲ့သို့ စွမ်းဆောင်နိုင်ပါတယ်။ (သို့) မြင်းခွာရွက်ကို အရည်ညှစ်၍ ပျားရည်၊ သကြားတို့နှင့် သောက်ပေးခြင်းက ခွန်အားတိုးပွားစေပြီး အမောအပန်းခံနိုင်ပါတယ်။
(၈) ပန်းသေပန်းညှိုး ရောဂါရှိသူများ ငါးဖရိုးကို မီးကင်ပြီး ကြိတ်မှန်ရွက်ဖြင့် အသုပ်သုပ်စားပါ။
(၉) ကျွဲခေါင်းသီးကို မှုန့်ညက်နေအောင် ပြု ပြီး နွားနို့ဖြင့် စိမ်သောက်ပေးခြင်းဖြင့် သုက်ခမ်းရောဂါပျောက်ကင်းပြီး သုက်ဓာတ် ပွားလာစေပါတယ်။
(၁ဝ) ငရန့်ပတူပင် အမြစ်ကို ပြစ်ပြစ်သွေး၊ နှမ်းဆီနဲ့ ရောပြီး တကိုယ်လုံး လူးပေးခြင်းဖြင့် အားကုန်ခန်းခြင်းကို မဖြစ်စေတော့ပါဘူး။
(၁၁) ကာမသတ္တိလျာ့နည်းသူများ ကျည်းနီသီးအဆန်ကို ဘူးသီးအနှစ်ဖြင့် ရောကြိတ်ပြီး လိင်တံမှာ လိမ်းကျံပေးခြင်းဖြင့် ကြီးထွားတောင့်တင်းခိုင်မာလာစေပါတယ်။
(၁၂) ပန်းသေရောဂါအတွက် ကျည်းနီသီးအဆန်ကို ပေါက်ပန်းဖြူ သတ္တုရည်ဖြင့် တွဲဖက်သောက်ပါ။
(၁၃) ခွေးတောက်ရွက်က သွေးကို ပွားစေပြီး ကာမကို အားပေးတာကြောင့် ခွေးတောက်ရွက်ကို ဘဲဥနဲ့ ကြော်စားပါ။
(၁၄) ဖန်ခါးသီးကို အမှုန့်ပြုလုပ်၍ ပျားရည်၊ ထောပတ်တို့နှင့် ရောနှောသောက်သုံးပါက ခွန်အားဖြစ်စေပါတယ်။
(၁၅) လိင်သန်မာကြီးထွားစေဖို့ ထိကရုံးပင်မြစ်နဲ့ ဒဟတ်သစ်ကိုင်းမြစ်တို့ကို ကြိတ်၍ ထောပတ်အနည်းငယ် ရောလိမ်းပါ။
(၁၆) ပရန္နဝါကို ပါးပါးလှီး၍ ဒန့်သလွန်ပွင့်၊ အုန်းသီးရင့်ရင့်နှင့် ရောစပ်ကာ ပျားရည်ဖြင့် ကျိုချက်ပါ။ နံနက်/ည စားပွဲတင်ဇွန်း တစ်ဇွန်းစီ စားပေးခြင်းဖြင့် အားနည်းမောပန်းခြင်းနဲ့ ပန်းသေပန်းညှိုးရောဂါတို့ကို ပျောက်ကင်းစေပါတယ်။
(၁၇) ကညွတ်စားပါ (သို့) ကညွတ်ဥကို နွားနို့နှင့်အတူ နို့ထမင်းကဲ့သို့ ပြုလုပ်စားပေးပါက ကာမအားတိုး၍ သုက်ပွား စေပါတယ်။
(၁၈) နတ်ဆေးဂမုန်း အခြောက်မှုန့် နှစ်ကျပ်သား၊ ပျားရည် ၅ဝ ကျပ်သား၊ ထောပတ် ၂၅ ကျပ်သားတို့ကို သမအောင် ရောစပ်၍ နေပူပူမှာ ခုနစ်ရက်လှမ်းပြီးနောက် ဖန်ပုလင်းထဲ သိမ်းထားပြီး နံနက်/ည စားပွဲတင်ဇွန်း တစ်ဇွန်းစီစားပေးပါ။ ထိုဆေးက ပန်းသေ ပန်းညှိုး၊ အင်အားကုန်ခန်းမောပမ်း လွယ်ခြင်းအတွက် အသုံးဝင်လှပါတယ်။
(၁၉) ဖလံတောင်ဝှေးကို ငါးခူနဲ့ ချက်စားပါက၊ ကာမအားကို ဖြစ်စေပါတယ်။
(၂ဝ) ဆိတ်ဖလူးပန်းပွင့်ကို အခြောက်လှမ်း၊ အမှုန့်ထောင်းပြီး သကြားနဲ့ ဆတူရောစပ်သောက်ပေးခြင်းဖြင့် အမျိုးသားများ သုက်အားနည်းခြင်းကို ကုသနိုင်ပါတယ်။
(၂၁) ပင်စိမ်းရွက်ကို ဆိတ်သား၊ ငုံးသားတို့နဲ့ ကြော်စားပါက ပန်းညှိုးရောဂါပျောက်၍ ခွန်အားနဲ့ သုက်ကို ပွားစေပါတယ်။ (သို့မဟုတ်) ပင်စိမ်းပင်အစေ့များ၊ ထန်းလျက်၊ ပျားရည်တို့ကို ဆတူ ရောစပ်ပြီး နံနက်အိပ်ယာထ၊ ညအိပ်ယာဝင် လက်ဘက်ရည်ဇွန်း တစ်ဇွန်းစီ မှန်မှန် စားပေးပါ။
(၂၂) မဉ္ဇူပန်း (၄ နာရီပန်း) ကို နေပူလှန်း၍ ရလာသော အခြောက်ကို ရေနွေးကြမ်း သောက်သကဲ့သို့ ခတ်၍ သောက်ခြင်းက ကာမအားကို တိုးပွားစေပါတယ်။
(၂၃) ဗာဒံစေ့ငါးလုံး၊ ငရုတ်ကောင်း ငါးစေ့၊ ချင်းခြောက် နှစ်ပဲသားတို့ကို သကြား သင့်သလို ထည့်ကာ သမအောင် ရောနယ်၍ ညက်ညက် ဝါးပြီးမှ မျိုချပါ။ ပြီးရင် နွားနို့ပူပူ တစ်ခွက်ကို တစ်ငုံချင်း သောက်ပါ။ ဤအချိုးအဆအတိုင်း ညအိပ်ခါနီး သောက်ပေးခြင်းဖြင့် သုက်ထွက်မြန်သူ၊ သုက်လွှတ်မြန်သူ၊ သုက်ဓာတ်ခိုင်မာမှု မရှိသူများကို ကောင်းကျိုးပြုပါတယ်။
(၂၄) ဇာတိပ္ဖိုလ်သီးကို သုက်ထိန်းဆေးအဖြစ် မြန်မာ့တိုင်းရင်းဆေးဝါး ဖော်စပ်ရာတွင် အသုံးပြုကြပါတယ်။
(၂၅) ပန်းသေပန်းညှိုခြင်းနဲ့ အကြောအားနည်းခြင်းတို့အတွက် ခပေါင်းကြီးပင်(ခပေါင်းခါး)ရွက်ကို အခြောက်ခံအမှုန့်ပြု၍ ပျားရည်ဖြင့် ရောစားပေးပါ။(သို့) ခပေါင်းကြီးစေ့ လေးပဲသားကို ငရုပ်ကောင်းစေ့ နှစ်စေ့ ရောစပ်၍ စားပါ။
(၂၆) ဆီးအတွင်းမှ သုက်များ ယိုစီခြင်းအတွက် မြေဇာမြက်ကို အခြောက်ခံအမှုန့်ပြု၍ ဒိန်ချဉ်ဖြင့် ရောသောက်ပါ။
(၂၇) ခေါင်ရန်းပန်း အနီပွင့် ၁ဝ ပွင့်ကို ရေစင်အောင် ဆေးပါ၊ ရေနွေးပူပူကို အအေးခံ၍ အဝကျယ်သော ဖန်ပုလင်းတွင် ဌက်ပျောဖူးအရွယ်အစားရှိသော ပုလင်းပြည့်အောင် ထည့်ပါ၊ ထိုရေနွေးအအေးထဲသို့ ခေါင်ရန်းပန်း ၁ဝ ပွင့်ကို ထည့်ပြီး သကြားအညို တစ်ဆယ်သား ထည့်ပါ၊ ရက်သတ္တတစ်ပတ်တိတိ စိမ်ပါ။ တစ်ပတ်ပြည့်ပါက ၎င်းစိမ်ရည်ကို နံနက် သုံးဇွန်း ညနေ သုံးဇွန်း(ဟင်းခတ် စတီးဇွန်းဖြင့်) သောက်ပါ။ ရောဂါကြီးလျှင် နေ့လည် သုံးဇွန်း ထပ်မံသောက်နိုင်ပါတယ်။ အရသာမှာ ချိုချဉ်၍ ပြင်းတာကြောင့် ဆေးသောက်ပြီးနောက် အနည်းငယ် ရီဝေဝေ ဖြစ်လာတတ်ပါတယ်။
(၂၈) ငါးကြင်းသားကို မီးကင်၍ ကြက်သွန်အဖြူ၊ ကြက်သွန်အနီ၊ ချင်း၊ ဇီယာ၊ ပင်စိမ်းရွက်တို့ဖြင့် ရော၍ အသုပ်လုပ်စားပေးခြင်းဖြင့် ပန်းသေပန်းညှိုရောဂါကို ပျောက်ကင်းစေပါတယ်။
#Zawgyi
သုတ်ပိုး အားနည်းသူများ ..
အမျိုးသားများ မြုံရခြင်းအကြောင်း သိကောင်းစရာ ....
******************************************
(၉) မျိုးရိုးဗီဇပြဿ နာ၊
(၁) ကန်စွန်းရွက်၊
(၂) ကြက်သွန်ဖြူ၊
(၃) ခိုသား၊
(၄)ငါးကျည်း(ငါးကျီး)၊
(၆) စာကလေး၊
(၇) ပိန္နဲသီးအမှည့်၊
(၉) ပဒတ်သား၊
(၁ဝ) ဗူးသီး၊
(၁၁) ဖရဲသီး၊
(၁၂) ရစ်ငှက်သား၊
(၁၃) ဝမ်းဘဲသား၊
(၁၄) သမင်သား၊
(၁၅) ထောပတ်သီး၊
(၁၆) ကြက်သွန်နီ၊
(၁၇) ကြာစေ့၊
(၁၈) ရုံးပတီသီး၊
(၁၉) အုန်းသီး၊