သွေးတွင်းသကြားဓာတ်ကျဆင်းခြင်း (Hypoglycemia)
========================
သွေးတွင်းကသကြားဓာတ်ဆိုတာကတော့ ဂလူးကို့စ်လို့ လူသိများကြပါတယ်။ စားလိုက်တဲ့အစားအစာတွေက ခန္ဓာကိုယ်ထဲမှာ ဂလူးကို့စ်အဖြစ်ပြောင်းလဲသွားပြီး အားအင်ဖြစ်စေပါတယ်။ အစာစားပြီးတဲ့အခါမှာ ထိုဂလူးကို့စ်တွေက သွေးစီးကြောင်းထဲကိုဝင်ရောက်သွားပြီး ခန္ဓာကိုယ်ဆဲလ်တွေဆီရောက်ရှိသွားပါတယ်။ မုန့်ချိုအိတ် (pancrease) ထဲကနေထုတ်ပေးတဲ့ အင်ဆူလင်ဆိုတဲ့ဟော်မုန်းတစ်မျိုးက ဆဲလ်တွေဂလူးကို့စ်တွေကိုသုံးနိုင်ဖို့အတွက် ကူညီပေးပါတယ်။ ဂလူးကို့စ်မလုံလောက်ရင် ခန္ဓာကိုယ်က ပုံမှန်လုပ်ငန်းတွေကို ကောင်းမွန်စွာမလုပ်နိုင်ပါဘူး။ ဆီးချိုဆေးတွေသောက်မနေဘူးဆိုရင်တော့ လိုအပ်တဲ့သကြားဓာတ်ကိုထိန်းထားနိုင်ပြီး လိုအပ်လာရင် အသည်းကလည်းထုတ်ပေးနိုင်ပါတယ်။
ဆီးချိုဆေးသောက်နေတဲ့သူတွေမှာ ဆိုရင်တော့ သွေးတွင်း သကြားဓာတ်ရုတ်တရက်ကျသွားခြင်းက ဆိုးကျိုးများစွာဖြစ်စေပါတယ်။ သွေးတွင်းသကြားဓာတ် 70 mg/dL အောက်နည်းရင် သွေးတွင်းသကြားဓာတ်နည်းတယ်လို့ သတ်မှတ်ပါတယ်။ သွေးတွင်း သကြားဓာတ်ပမာဏဟာ ပုံမှန်ဖြစ်ဖို့ လိုအပ်ပါတယ်။ သွေးတွင်းသကြားဓာတ် ပုံမှန်မဖြစ်ခဲ့ဘူးဆိုရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ကြုံလာရပါလိမ့်မယ်။ အထူးသဖြင့် ဆီးချိုသွေးချိုရောဂါသည်တွေအနေနဲ့ မိမိရဲ့ ကိုယ်တွင်းသကြားဓာတ်ပမာဏကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ပေးသင့်ပါတယ်။
သွေးတွင်းသကြားဓာတ်နည်းခြင်း၏ရောဂါလက္ခဏာများ-
ဇဝေဇဝါဖြစ်ခြင်း
စိတ်လှုပ်ရှားလွယ်ခြင်း
ဗိုက်စာခြင်း
အိပ်ငိုက်ခြင်း
ခေါင်းကိုက်ခြင်း
တုန်ယင်ချမ်းခြင်း
နှလုံးခုန်မြန်ခြင်း
ပျို့အန်ခြင်း
အမြင်မှုန်ဝါးခြင်း
ဂယောက်ဂယက်ဖြစ်ခြင်း
ပင်ပန်းနွမ်းနယ်ခြင်း
အသားဖြူဖျော့သွားခြင်း
ချေွးများထွက်ခြင်း
အာရုံကောင်းကောင်းမစိုက်နိုင်ခြင်း
သတိမေ့ခြင်း၊ တက်ခြင်း၊ ကိုမာဝင်ခြင်းတို့ဖြစ်ပါတယ်။
ဆန်၊ အာလူး၊ ပေါင်မုန့်၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ နို့ စတဲ့ ကစီဓာတ်ပါတဲ့အစားအစာတွေက ခန္ဓာကိုယ်အတွက် ဂလူးကို့စ်ဓာတ်ပေးတဲ့ အဓိကအစားအစာတွေဖြစ်ပါတယ်။ ဂလူးကို့စ်ကို လိုအပ်တာထက်ပိုစားရင် ပိုတာတွေကို အသည်းနဲ့ ကြွက်သားတွေထဲမှာသိုလှောင်ထားပါတယ်။ (သို့) လိုအပ်တဲ့အချိန်မှာ ထုတ်သုံးနိုင်ဖို့အတွက် အဆီအဖြစ်ပြောင်းထားပါတယ်။ သွေးတွင်းသကြားဓာတ်လျော့ကျစေသော အကြောင်းအရင်းများ -
(၁) အင်ဆူလင်ထိုးသောအချိန်မှားခြင်း/ထိုးသောပမာဏမမှန်ခြင်း
(၂) အင်ဆူလင်ထုတ်ပေးနိုင်သောဆီးချိုဆေးများပမာဏပိုသောက်မိခြင်း
(၃) အစာစားချိန်ပုံမှန်မရှိခြင်း/နောက်ကျခြင်း
(၄) ကဆီဓာတ်စားသုံးမှုအလွန်အမင်းလျော့နည်းခြင်း
(၅) လေ့ကျင့်ခန်းအပြင်းအထန်လုပ်ခြင်း
(၆) အရက်သောက်သုံးခြင်းတို့ကြောင့်ဖြစ်ပါတယ်။
သွေးတွင်းသကြားဓာတ်လျော့နည်းပါက နှလုံးခုန်မမှန်သောရောဂါများ (Arrhythemia)၊နှလုံးကြွက်သားသေဆုံးသောရောဂါနှင့်နှလုံးသွေးကြောပိတ်ရောဂါများ(MI)၊နှလုံးခုန်ရုတ်တရက်ရပ်ခြင်း(Cardiac Arrest)၊မျက်စိအမြင်လွှာအတွင်းမှာရှိသောသွေးကြောမျှင်များပေါက်ပြီးသွေးများထွက်ခြင်း၊မျက်စိအမြင်လွှာထွက်ခြင်းများ(Retinal Detachment)၊လေဖြတ်ခြင်း(Stroke)စသည့်နောက်ဆက်တွဲဝေဒနာများခံစားရနိုင်ပါတယ်။ ထိုကြောင့် မဖြစ်ခင်ကာကွယ်နိုင်အောင်အောက်ပါအချက်များကိုလိုက်နာသင့်ပါတယ်။
(၁) အစားအသောက်ပုံမှန်စားပေးခြင်း
(၂) လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း
(၃) သောက်ဆေးများကိုညွှန်ကြားချက်အတိုင်းသောက်သုံးခြင်း
(၄) အင်ဆူလင်ထိုးရမည့်ပမာဏနှင့်ထိုးရမည့်အချိန်တွင်အလေးအနက်ထားပြီးထိုးခြင်း
(၅) အရက်သောက်ခြင်းကိုရှောင်ကြည်ခြင်း
သွေးတွင်းသကြားဓာတ်ကျသည့်လက္ခဏာတစ်ခုခုခံစားနေရပြီဆိုလျှင်လည်းလိုအပိသောစောင့်ရှောက်မှုများကိုလုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ အချို၊အချိုရည်သောက်သုံးခြင်း၊သကြားလုံးစားခြင်းတို့ပြုလုပ်ပြီးပါကပုံမှန် ၁၅မိနစ်အကြာမှာ သွေးတွင်းကြားဓာတ်ပမာဏပြန်လည်တိုင်းတာပေးရပါမယ်။ သွေးတွင်းသကြားဓာတ်အလွန်အမင်းကျဆင်းနေပါကသတိမေ့ခြင်း၊တက်ခြင်းတို့ဖြစ်တတ်သောကြောင့်ထိုအချိန်တွင် နီးစပ်ရာဆေးရုံဆေးခန်းသို့အမြန်ပို့ဆောင်ကာထိရောက်သောကုသမှုကိုခံယူရန်လ်ုအပ်ပါသည်။
Ref: MOHS
[Zawgyi]
ေသြးတြင္းသၾကားဓာတ္က်ဆင္းျခင္း (Hypoglycemia)
========================
ေသြးတြင္းကသၾကားဓာတ္ဆိုတာကေတာ့ ဂလူးကို႔စ္လို႔ လူသိမ်ားၾကပါတယ္။ စားလိုက္တဲ့အစားအစာေတြက ခႏၶာကိုယ္ထဲမွာ ဂလူးကို႔စ္အျဖစ္ေျပာင္းလဲသြားၿပီး အားအင္ျဖစ္ေစပါတယ္။ အစာစားၿပီးတဲ့အခါမွာ ထိုဂလူးကို႔စ္ေတြက ေသြးစီးေၾကာင္းထဲကိုဝင္ေရာက္သြားၿပီး ခႏၶာကိုယ္ဆဲလ္ေတြဆီေရာက္ရွိသြားပါတယ္။ မုန႔္ခ်ိဳအိတ္ (pancrease) ထဲကေနထုတ္ေပးတဲ့ အင္ဆူလင္ဆိုတဲ့ေဟာ္မုန္းတစ္မ်ိဳးက ဆဲလ္ေတြဂလူးကို႔စ္ေတြကိုသုံးႏိုင္ဖို႔အတြက္ ကူညီေပးပါတယ္။ ဂလူးကို႔စ္မလုံေလာက္ရင္ ခႏၶာကိုယ္က ပုံမွန္လုပ္ငန္းေတြကို ေကာင္းမြန္စြာမလုပ္ႏိုင္ပါဘူး။ ဆီးခ်ိဳေဆးေတြေသာက္မေနဘူးဆိုရင္ေတာ့ လိုအပ္တဲ့သၾကားဓာတ္ကိုထိန္းထားႏိုင္ၿပီး လိုအပ္လာရင္ အသည္းကလည္းထုတ္ေပးႏိုင္ပါတယ္။
ဆီးခ်ိဳေဆးေသာက္ေနတဲ့သူေတြမွာ ဆိုရင္ေတာ့ ေသြးတြင္း သၾကားဓာတ္႐ုတ္တရက္က်သြားျခင္းက ဆိုးက်ိဳးမ်ားစြာျဖစ္ေစပါတယ္။ ေသြးတြင္းသၾကားဓာတ္ 70 mg/dL ေအာက္နည္းရင္ ေသြးတြင္းသၾကားဓာတ္နည္းတယ္လို႔ သတ္မွတ္ပါတယ္။ ေသြးတြင္း သၾကားဓာတ္ပမာဏဟာ ပုံမွန္ျဖစ္ဖို႔ လိုအပ္ပါတယ္။ ေသြးတြင္းသၾကားဓာတ္ ပုံမွန္မျဖစ္ခဲ့ဘူးဆိုရင္ မလိုလားအပ္တဲ့ ေနာက္ဆက္တြဲ က်န္းမာေရးျပႆနာေတြ ႀကဳံလာရပါလိမ့္မယ္။ အထူးသျဖင့္ ဆီးခ်ိဳေသြးခ်ိဳေရာဂါသည္ေတြအေနနဲ႔ မိမိရဲ႕ ကိုယ္တြင္းသၾကားဓာတ္ပမာဏကို ပုံမွန္ျဖစ္ေအာင္ ထိန္းခ်ဳပ္ေပးသင့္ပါတယ္။
ေသြးတြင္းသၾကားဓာတ္နည္းျခင္း၏ေရာဂါလကၡဏာမ်ား-
ဇေဝဇဝါျဖစ္ျခင္း
စိတ္လႈပ္ရွားလြယ္ျခင္း
ဗိုက္စာျခင္း
အိပ္ငိုက္ျခင္း
ေခါင္းကိုက္ျခင္း
တုန္ယင္ခ်မ္းျခင္း
ႏွလုံးခုန္ျမန္ျခင္း
ပ်ိဳ႕အန္ျခင္း
အျမင္မႈန္ဝါးျခင္း
ဂေယာက္ဂယက္ျဖစ္ျခင္း
ပင္ပန္းႏြမ္းနယ္ျခင္း
အသားျဖဴေဖ်ာ့သြားျခင္း
ေခြၽးမ်ားထြက္ျခင္း
အာ႐ုံေကာင္းေကာင္းမစိုက္ႏိုင္ျခင္း
သတိေမ့ျခင္း၊ တက္ျခင္း၊ ကိုမာဝင္ျခင္းတို႔ျဖစ္ပါတယ္။
ဆန္၊ အာလူး၊ ေပါင္မုန႔္၊ သစ္သီး၊ ဟင္းသီးဟင္း႐ြက္၊ ႏို႔ စတဲ့ ကစီဓာတ္ပါတဲ့အစားအစာေတြက ခႏၶာကိုယ္အတြက္ ဂလူးကို႔စ္ဓာတ္ေပးတဲ့ အဓိကအစားအစာေတြျဖစ္ပါတယ္။ ဂလူးကို႔စ္ကို လိုအပ္တာထက္ပိုစားရင္ ပိုတာေတြကို အသည္းနဲ႔ ႂကြက္သားေတြထဲမွာသိုေလွာင္ထားပါတယ္။ (သို႔) လိုအပ္တဲ့အခ်ိန္မွာ ထုတ္သုံးႏိုင္ဖို႔အတြက္ အဆီအျဖစ္ေျပာင္းထားပါတယ္။ ေသြးတြင္းသၾကားဓာတ္ေလ်ာ့က်ေစေသာ အေၾကာင္းအရင္းမ်ား -
(၁) အင္ဆူလင္ထိုးေသာအခ်ိန္မွားျခင္း/ထိုးေသာပမာဏမမွန္ျခင္း
(၂) အင္ဆူလင္ထုတ္ေပးႏိုင္ေသာဆီးခ်ိဳေဆးမ်ားပမာဏပိုေသာက္မိျခင္း
(၃) အစာစားခ်ိန္ပုံမွန္မရွိျခင္း/ေနာက္က်ျခင္း
(၄) ကဆီဓာတ္စားသုံးမႈအလြန္အမင္းေလ်ာ့နည္းျခင္း
(၅) ေလ့က်င့္ခန္းအျပင္းအထန္လုပ္ျခင္း
(၆) အရက္ေသာက္သုံးျခင္းတို႔ေၾကာင့္ျဖစ္ပါတယ္။
ေသြးတြင္းသၾကားဓာတ္ေလ်ာ့နည္းပါက ႏွလုံးခုန္မမွန္ေသာေရာဂါမ်ား (Arrhythemia)၊ႏွလုံးႂကြက္သားေသဆုံးေသာေရာဂါႏွင့္ႏွလုံးေသြးေၾကာပိတ္ေရာဂါမ်ား(MI)၊ႏွလုံးခုန္႐ုတ္တရက္ရပ္ျခင္း(Cardiac Arrest)၊မ်က္စိအျမင္လႊာအတြင္းမွာရွိေသာေသြးေၾကာမွ်င္မ်ားေပါက္ၿပီးေသြးမ်ားထြက္ျခင္း၊မ်က္စိအျမင္လႊာထြက္ျခင္းမ်ား(Retinal Detachment)၊ေလျဖတ္ျခင္း(Stroke)စသည့္ေနာက္ဆက္တြဲေဝဒနာမ်ားခံစားရႏိုင္ပါတယ္။ ထိုေၾကာင့္ မျဖစ္ခင္ကာကြယ္ႏိုင္ေအာင္ေအာက္ပါအခ်က္မ်ားကိုလိုက္နာသင့္ပါတယ္။
(၁) အစားအေသာက္ပုံမွန္စားေပးျခင္း
(၂) ေလ့က်င့္ခန္းပုံမွန္ျပဳလုပ္ျခင္း
(၃) ေသာက္ေဆးမ်ားကိုၫႊန္ၾကားခ်က္အတိုင္းေသာက္သုံးျခင္း
(၄) အင္ဆူလင္ထိုးရမည့္ပမာဏႏွင့္ထိုးရမည့္အခ်ိန္တြင္အေလးအနက္ထားၿပီးထိုးျခင္း
(၅) အရက္ေသာက္ျခင္းကိုေရွာင္ၾကည္ျခင္း
ေသြးတြင္းသၾကားဓာတ္က်သည့္လကၡဏာတစ္ခုခုခံစားေနရၿပီဆိုလွ်င္လည္းလိုအပိေသာေစာင့္ေရွာက္မႈမ်ားကိုလုပ္ေဆာင္ေပးဖို႔လိုအပ္ပါတယ္။ အခ်ိဳ၊အခ်ိဳရည္ေသာက္သုံးျခင္း၊သၾကားလုံးစားျခင္းတို႔ျပဳလုပ္ၿပီးပါကပုံမွန္ ၁၅မိနစ္အၾကာမွာ ေသြးတြင္းၾကားဓာတ္ပမာဏျပန္လည္တိုင္းတာေပးရပါမယ္။ ေသြးတြင္းသၾကားဓာတ္အလြန္အမင္းက်ဆင္းေနပါကသတိေမ့ျခင္း၊တက္ျခင္းတို႔ျဖစ္တတ္ေသာေၾကာင့္ထိုအခ်ိန္တြင္ နီးစပ္ရာေဆး႐ုံေဆးခန္းသို႔အျမန္ပို႔ေဆာင္ကာထိေရာက္ေသာကုသမႈကိုခံယူရန္လ္ုအပ္ပါသည္။
Ref: MOHS